Tuesday, December 23, 2008

HappyNewYear2009

မကြာခင်Newyear...ရောက်တော့မည်...
နှစ်ဟောင်းမှာ..ကျွန်တော်တို့ဘာတွေလုပ်ခဲ့ပြီးပြီလည်း..
နှစ်သစ်ကတော့..ဒီဇင်ဘာနှင်းပွင့်တွေနဲ့အတူရောက်ရှိလို့လာတော့မည်...
အားလုံးပဲ....Happynewyearပါ..
နေနီနီ..

Monday, December 8, 2008

ဂျာနယ်ကျော်ချစ်မောင်မှအတွေးစများ...

လွန်ခဲ့သောနှစ်(၅၀)ကျော်က..ဂျာနယ်ကျော်ချစ်မောင်၏..အတွေးအခေါ်ဟာ..ယခုအချိန်မှာ..ကျွန်တော်ရင်ကိုလာရောင်ရိုက်ခပ်လာလေသည်..သူ့အတွေး၊သူ့အရေးတွေဟာ..ဒီအချိန်မှာ..တန်ဖိုးရှိမှန်းသိလာရသည်။ကျွန်တော်ကြိုက်တဲ့သူ့အတွေးအခေါ်များထဲမှတစ်ခုကိုတင်ပြလိုက်ပါသည်။
" ဂျပန်များကို အနောက်နိုင်ငံသားများက..' ကမ္ဘာပေါ်တွင်အများဆုံး အတုခိုးသူများ၊ အကြီးဆုံးအတုခိုးသမားများ'..ဖြစ်သည်ဟုကဲ့ရဲ့ရှုတ်ချပြစ်တင်ကြသည်။ ဤကားလွဲမှားသောအယူအဆပင်ဖြစ်သည်။ ဤကဲ့သို့ အထင်အမြင် သေးမှုသည်..ယခုစစ်ကြီးတွင်အနောက်နိုင်ငံသားတိုအား အကြီးအကျယ်ကိုယ်ကျိုးနည်းစေလေပြီမဟုတ်လော။ ဂျပန်သည် ပထဝီသဘောအားဖြင့် လည်းကောင်း၊ မျိုးရိုးအားဖြင့်လည်းကောင်း၊ အရှေ့နိုင်ငံတစ်ခုဖြစ်၏။ သို့သော်အရှေ့နိုင်ငံကြီးများ၏ အတွေးအယူ၊ အကြံအဆ၊ အမြော်အခေါ်၊ အတီအထွင်မျှဖြင့် ရောင့်ရဲခြင်းမရှိမူ၍ အနောက်နိုင်ငံကြီးများ၏ အတွေးအယူ၊အကြံအဆ၊ အမြော်အခေါ်၊ အတီအထွင်တို့ကို လျင်မြန်စွာလည်းကောင်း၊ ကျနစွာလည်းကောင်းလေ့လာပြီးလျှင် မိမိနှင့် အသင့်လျောဆုံးဖြစ်အောင် မူကို လုပ်ကိုင်ပြောင်းလဲခြင်းအားဖြင့် အရှေ့နိုင်ငံတစ်ခုမျှသာဖြစ်သော်လည်း အရှေ့နိုင်ငံလိုမဟုတ်တော့ဘဲ ကမ္ဘာ့နိုင်ငံကြီးတစ်ခုအဖြစ်သို့ သီးသန့်ရောက်ရှိလာခဲ့လေသည်။ ကမ္ဘာ၏ အကောင်းဆုံးသောနည်းစနစ်များကို မိမိ၏ 'မူ' ဖြစ်အောင်လျင်မြန်စွာလွှဲပြောင်းလုပ်ကိုင်နိုင်မူသည် ဥာဏ်အသွားဆုံးအလုပ်ဖြစ်ရာ၊ သာမန်နိုင်ငံတစ်ခုသည် ကမ္ဘာအရှေ့ပိုင်းတွင် ရှိသည်ဖြစ်စေ၊အနောက်ပိုင်းတွင်ရှိသည်ဖြစ်စေ ဤလုပ်ငန်းများကိုကျနအောင်မြင်စွာ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ လုပ်နိုင်လျှင်ထိုသို့လုပ်နိုင်သော နိုင်ငံသည် မုချပင် ဂျပန်ပြည်ကြီးကဲ့သို့ကြီးပွားရမည် ဧကန်ဖြစ်တော့သည်။ သာမန်ဗဟုသုတ ရှိကြရာ၌ဗဟုသုတ ဟင်းလေးအိုးကြီးဖြစ်ရသကဲ့သို့ပင်တည်း။
ဤသဘောတရားကား စေ့စေ့တွေးလျှင် အဆန်းမဟုတ်။ ကျွန်ုပ်တို့ နိုင်ငံတော် ရာဇဝင်မှာပင် အထောက်အထားအလုံအလောက်ရှိလေပြီ။ အနော်ရထာနှင့်ကျန်စစ်သားမင်းများလက်ထက်တွင် နိုင်ငံတော်ကြီးပွားခြင်းမှာ မိမိတို့၏ရှိရင်းနယ်ပယ် နယ်နိမိတ် အကန့်အသတ်တွင်းမှ အပြင်သို့တွက်ရောက်၍ ကိုယ်တိုင်အကြားအမြင်များပြားခြင်း အကြောင်းတစ်ပါး၊ အခြားနိုင်ငံများမှ အကြားအမြင်ရှိသူ၊ တတ်ကျွမ်းနားလည်သူတို့ကို မိမိတို့နိုင်ငံတော်တွင်းသို့ ဝင်ရောက်၍ ရောနှောလုပ်ကိုင်စေခြင်း အကြောင်းတစ်ပါး၊ ဤအကြောင်းနှစ်ပါးကြောင့်ဖြစ်လေတော့သည်။
အကယ်၍ အနော်ရထာမင်းစောသာ သထုံမြို့ကြီးကို ထွက်ရောက်သိမ်းပိုက်ကာ ပေါက္ကံရာမသို့ တစ်မြို့လုံးကိုရွှေ့ပြောင်းမလာက ပုဂံခေတ်မှာ ထိုမျှလောက်ကြီးကျယ်ဖွယ်ရာမရှိ။ နောက်ခေတ်များအတွက် အခြေခံကောင်းကြီးတစ်ခုဖြစ်မြောက်နိုင်ဖွယ်ရာမရှိ။ တစ်ဖန်သထုံမြို့ကြီးကို ပေါက္ကံသို့ ရွှေ့ပြောင်းလာရာ၌ သထုံမူနှင့်ပေါက္ကံမူကိုရောနှောစေရာတွင် သထုံမူအတိုင်းချည်းသာဖြစ်စေကပုဂံခေတ်ဟူ၍ထွန်းကားလာဖွယ်ရာမရှိ။ သထုံခေတ် အထက်မြန်မာပြည်သို့သွားရောက်ထွန်းကားနေခြင်းသာဖြစ်ခဲ့လေရာသည်။ ယခုသော်ထိုသို့မဟုတ်။ သထုံမူ၊ ကုလားမူ(နောင်သောအခါ တရုတ်မူ)များသည် မူရင်းအတိုင်းမကျန်ရှိမူ၍ မြန်မာမူ၏ပကတူပမူလအခြေခံ မူကြီးအဖြစ်သို့ရောက်ရှိခဲ့ရလေသည်။
ဂျပန်ပြည်ကြီးယခုအခြေသို့ရောက်လာခြင်းမှာလည်း ဤသဘောတရားအတိုင်းပင်ဖြစ်ရာ၊ ဤသဘောနှင့်ပတ်သက်၍မြန်မာနိုင်ငံတော်ရာဇဝင်ကိုအကြောင်းစေ့စုံအောင်ထုတ်ဆိုရေးသားနေကကျမ်းတစ်စောင်တစ်ဖွဲ့ပင်ဖြစ်နိုင်လေ၏....."
ရည်ညွှန်း- ဂျာနယ်ကျော်ချစ်မောင်၏ နေ့စဉ်မှတ်တမ်းမှကောက်နုတ်ပါသည်။
ဂျာနယ်ကျော်ချစ်မောင်လို..လူမျိုးယခုအခါတွင်အလွန်ပင်လိုအပ်ပေသည်။ ကျွန်တော်တို့ နိုင်ငံတိုးတက်ဖို့ဆိုရင်အထူးကြိုးစားဖို့လိုလိမ့်မည်။ ကျွန်တော်တို့ဘာလုပ်ကြမည်နည်း.......အဆပေါင်းများစွာကြိုးစားဖို့သာရှိတော့သည်။
မှတ်ချက်။ ။ဆောင်းပါးမဟုတ်ပါ၊ ခံစားမှုစာစုတစ်ခုသာဖြစ်ပါသည်။

နေနီနီ...

Tuesday, December 2, 2008

စမ်းသပ်ပြီး emil မှတဆင့်တင်ကြည့်ခြင်း

 NAYNINI BLOG ကို email မှတဆင့် စမ်းသတ်ပြီး တင်ကြည့်လိုက်တာပါ။