Sunday, January 27, 2013

ဦးပိန်တံတား အမှတ်တရ



မရောက်တာ နှစ်နဲ့ချီကြာပြီ ဖြစ်တဲ့ ဦးပိန်တံတားရောက်တုန်း
ရှိတဲ့ ကင်မရာအစုတ်ကလေးနဲ့ ဖြစ်အောင်ရိုက်ခဲ့တဲ့ပုံလေးတွေပါ..
အမှတ်တရတင်လိုက်ပါတယ်။
နေနီနီ

Sunday, January 20, 2013

ကျွန်တော် အကြိုက်ဆုံး ဇာတ်ကားလေးတစ်ကားပါ


Music Is Everywhere
All You Have To Do Is Listen.

အနုပညာဆိုတာဘာလဲ...
ဂီတဆိုတာဘာလဲလို့..
ကျွန်တော်ကောင်းကောင်းနားလည်သွားစေတဲ့
ဇာတ်ကားလေးတစ်ကားပါပဲ..
August Rush တဲ့..တကယ်မိုက်တယ်ဗျာ။

နေနီနီ
ဘာရယ်မဟုတ်ပါဘူး
Facebook မှာတွေ့လိုက်တဲ့ ပုံလေးကိုကြည့်ရင်း
ကဗျာတိုလေးတစ်ပုဒ်ရေးဖြစ်သွားတာပါ..
ဆရာငြိမ်းကျော်ရဲ့မြက်ဖျားနှင်းကိုလည်းသတိရသွားလို့ပါ..
မြက်ဖျားနှင်းဆိုတဲ့ နာမည်လေးကပြည့်စုံနေတော့..
ကျွန်တော်ကဗျာလေးကို ခေါင်းစဉ်မပေးဖြစ်တော့ဘူးဗျာ။

နေနီနီ

Saturday, December 8, 2012

ဆုံမှတ်..

ဆုံမှတ်..လို့နာမည်ပေးထားတဲ့ 
ကဗျာလေး တစ်ပုဒ်ပါ။

နေနီနီ

Saturday, November 17, 2012

တစ်ခါတစ်ရံ..

တစ်ခါတစ်ရံ..
ချစ်ခြင်းတွေဟာ..
ပင်လယ်သေတစ်ခုလိုပါပဲကွယ်..

မျက်ဝန်းတွေကနေ နှလုံးသားစီ
စီးဆင်းခွင့်မရှိတော့တဲ့နောက်မှာ

ငါဟာ...
ခမ်းခြောက်သွားတဲ့ စမ်းချောင်းတစ်ခုလို
တိမ်ကောသွားခဲ့ပေါ့..။

နေနီနီ

တစ်ယောက်ထဲ ရှိနေတဲ့အချိန်လေးတွေမှာ
ကဗျာအပိုင်းအစလေးတွေ ရေးနေဖြစ်တယ်
ခံစားမှုကတော့ အရင်လို မလတ်ဆတ်တော့ဘူးပေါ့ဗျာ



Tuesday, November 6, 2012

မညီမျှတဲ့ ဘ၀တွေ

 
်facebook မှတွေ့လိုက်တဲ့ ဓါတ်ပုံလေးတစ်ပုံပါ
ဘဝတွေဟာ ဘယ်လိုမှ မညီမျှနိုင်ဘူးဗျာ
ဓါတ်ပုံလေးကိုကြည့်ရင်း ရင်မှာတော်တော်ခံစားလိုက်မိတယ်
အကြီးလေး နေရာမှာ ကျွန်တော်ဆိုရင် ဆိုတဲ့အတွေးနဲ့တင်
ရင်ကိုလှိုက်စားစေတယ်..
သံယောဇဉ်...ချစ်ခြင်းတရား...ငတ်မွတ်မှု...
ကျွန်တော်တို့ ဘာကိုဆုံးဖြတ်မလဲ

နေနီနီ


Wednesday, October 31, 2012

မသက်သာသဖြင့် ခဏခွဲထားခြင်းပါ

နေနီနီ ဆိုတဲ့ ကလောင်နဲ့ အနုပညာ ရသခံစားမှုလေးတွေ
တင်မယ် စိတ်ကူးခဲ့ပေမယ် ဒီနှစ်တွေမှာ 
ဘဝအတွက်အရေးကြီးတာတွေလုပ်နေရလို့
ငယ်ချစ်ကို ခဏပစ်ထားလိုက်ရတယ်
မသက်သာလို့သာခဏခွဲထားတာပါ..
တစ်ချိန်မင်းရင်ခွင်မှာခေါင်းတိုးဝင်လာမှာပါ...ချစ်သူ

နေနီနီ

ကလောရောက်အမှတ်တရ

2003 intake တွေနဲ့ M.Sc Field Trip 
အမှတ်တရ..

နေနီနီ

ပင်ပန်းမှုတွေပြေပျောက်တဲ့နေ့

မိုးကောင်းရွာ အနီးကနေ လွန်ခဲ့တဲ့နှစ်သန်း ၃၀ ကျော်
Eocene သက်တန်းရှိတဲ့ ဝက်တစ်ကောင်ရဲ့
အပေါ်အံ အောက်အံ တစ်စုံရခဲ့တယ်..

နေနီနီ

အရိုးကောက်သူများ

ဗဟင်း-မိုးကောင်း (primate field trip) အမှတ်တရ
အရိုးကောက်သူများလို့ ကျွန်တော်နာမည်ပေးထားလိုက်တယ်

နေနီနီ

Thursday, October 25, 2012

ကလောမြို့နားက ရွာမှာရှိတဲ့
ရှေးဟောင်းဘုန်းကြီးကျောင်းတစ်ခုပါ
ကလောကွင်းဆင်းအမှတ်တရ..၂၀၀၉

နေနီနီ

မန်းဆည်မှာ အမှတ်တရ
အတူတူသွားခဲ့သူအားလုံးကို သတိရနေမိတယ်

နေနီနီ





ရွှေစက်တော်-ငဖဲ(field trip)တစ်ခုမှာ
ရိုက်ခဲ့တဲ့ပုံလေးပါ
တရုတ်စကားပွင့်တွေပွင့်တဲ့အချိန်ဆို
ဘယ်လောက်တောင်လှလိုက်မလဲလို့တွေးကြည့်နေမိတယ်

နေနီနီ

Saturday, October 20, 2012

အမေ့ခံထားရတဲ့ အရုပ်လေးတွေ


အခုခေတ်ကလေးတွေ
ဒီအရုပ်လေးတွေကို သိမှသိပါတော့မလား
ဘယ်တော့ကြည့်ကြည့်မရိုးတဲ့အရုပ်ကလေးတွေပ်

နေနီနီ

တိမ်တွေ အိမ်ပြန်ချိန်



ကလောမှာ ကွင်းဆင်းသွားရင်း
ဝက်ကျရေ နားမှာရိုက်ခဲ့တဲ့ပုံလေးပါ
တိမ်တွေအိမ်ပြန်ချိန် လို့နာမည်ပေးထားလိုက်တယ်။

နေနီနီ