Saturday, November 17, 2012

တစ်ခါတစ်ရံ..

တစ်ခါတစ်ရံ..
ချစ်ခြင်းတွေဟာ..
ပင်လယ်သေတစ်ခုလိုပါပဲကွယ်..

မျက်ဝန်းတွေကနေ နှလုံးသားစီ
စီးဆင်းခွင့်မရှိတော့တဲ့နောက်မှာ

ငါဟာ...
ခမ်းခြောက်သွားတဲ့ စမ်းချောင်းတစ်ခုလို
တိမ်ကောသွားခဲ့ပေါ့..။

နေနီနီ

တစ်ယောက်ထဲ ရှိနေတဲ့အချိန်လေးတွေမှာ
ကဗျာအပိုင်းအစလေးတွေ ရေးနေဖြစ်တယ်
ခံစားမှုကတော့ အရင်လို မလတ်ဆတ်တော့ဘူးပေါ့ဗျာ



No comments: