Thursday, November 27, 2008

ဓာတ်ပုံ

လွန်ခဲ့သော
၁၃ဆောင်းက ရုပ်ပုံကားချပ်မှာ
ဖေဖေကသန်သန်မာမာ
မေမေက မြန်မြန်ဆန်ဆန်
မျက်ဝန်းအကြည့်မှာ
မေတ္တာဓာတ်တွေ ဖွင့်ဝေလို့
ကျွန်တော်တို့ မောင်နှမသုံးယောက်က
တစ်ယောက်ပခုံးတစ်ယောက်ဖက်လို့
ဘဝကအနုပညာဆန်ခဲ့တာလား။
ခုတော့
အဲ့ဒီထဲကကောင်လေးနဲ့ကောင်မလေး
ကိုယ်စီသီချင်းနဲ့ အိုးမတူအိမ်မတူ
ကျွန်တော်က
လူပျိုလူလွတ်သီချင်းတဲ့ အနုပညာကိုချစ်လို့
ဖေဖေနဲ့မေမေက
၅၂၈မေတ္တာတော်သီချင်းနဲ့
စိတ်သွားတိုင်း ကိုယ်မပါလို့
လွမ်းလို့ပါ
လွန်ခဲ့သော ဆယ့်သုံးဆောင်းက ဓာတ်ပုံလေးအကြောင်း။

နှစ်သင်းလေ

ပိတောက်ပွင့်သစ်က ကဗျာလေးပါ...ကြိုက်လို့တင်လိုက်တာပါ။

နေနီနီ...

No comments: